မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ယဉ်ကျေးမှု

အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ အစီအစဉ်မှာ မြန်မာစစ်ဗိုလ်ချုပ်ကြီး တွေကို လက်အုပ်ချီ ရှိခိုးကြရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးထားကြပါတယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (စစ်စိမ်းယူနီဖောင်းဝတ် ဝဲမှ တတိယ) သည် နာဂစ်စ် လေမုန်တိုင်း တိုက်ခတ်ပြီး ရက်သတ္တ နှစ်ပတ်အကြာ မေလ ၁၈ရက်တွင် ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ လေဘေး ဒုက္ခသည် စခန်းတခုကို သွားရောက် ကြည့်ရှုနေပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ အမေရိကန်ပြည်ထောင်စု ယူတီကာပြည်နယ် သန္တိသုခကျောင်းတိုက် ဆရာတော် အရှင်ပညာနန္ဒ၊ မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်ညွန့်၊ ကဗျာဆရာ မောင်စွမ်းရည် တို့ ဖြစ်ကြပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org