စစ်အစိုးရကို ကော်မရှင်ဖွဲ့ စုံစမ်းရေး
အခုတပတ် တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို လူသားတွေအပေါ် စစ်ရာဇဝတ်တွေ ကျူးလွန်ခဲ့မှု ဖော်ထုတ်ဘို့ ကုလသမဂ္ဂအဖွဲ့က စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆိုကို အမေရိကန် အစိုးရက ထောက်ခံလိုက်တဲ့အကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်ညိန်းက တင်ဆက်ထားပါတယ်။
ဒီ စကားဝိုင်းမှာ ပါဝင်ဆွေးနွေး ထားသူတွေကတောာ့ NCGUB ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း၊ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ USCB မူဝါဒ ညွှန်ကြားရေးမှူး ဦးအောင်ဒင်၊ မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်း တို့ ဖြစ်ပါတယ်။