ရွေးကောက်ပွဲနဲ့ NLD ဆုံးဖြတ်ချက်

အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာနဲ့ စပ်လျဉ်းပြီး ဆက်လက်ပေါ်ပေါက်လာမယ့် မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးထားကြပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်း နှိုးဆော်ထားသည့် ပိုစတာတခုပုံ ဖြစ်ပါသည်။ (Image: RFA)
၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်း နှိုးဆော်ထားသည့် ပိုစတာတခုပုံ ဖြစ်ပါသည်။ (Image: RFA) (Image: RFA)

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌဟောင်း ဦးဖြိုးမင်းသိန်းနဲ့ ပြည်ပမှာ ရောက်ရှိနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- နိုင်ငံခြားရေးရာ တာဝန်ခံ ဦးမင်းနိုင်တို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။