အစိုးရသစ်၊ ကုလသမဂ္ဂနှင့်အာဆီယံ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သုံးရက်ကြာ သွားရောက်ခဲ့တဲ့ကိစ္စနဲ့ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူဖို့ မြန်မာနိုင်ငံက ကြိုးစားနေတဲ့ ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP) (Photo: AFP)

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်နဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် BADA မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်သန်း တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org