အစိုးရသစ်နဲ့ သမ္မတရဲ့ အကြံပေးအဖွဲ့
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအတွက် မြန်မာနိုင်ငံမှာ သမ္မတအကြံပေးအဖွဲ့ သုံးဖွဲ့ ဖွဲ့စည်းလိုက်တယ် ဆိုတဲ့သတင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် သမ္မတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမ္မတများ ဖြစ်သည့် ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ကို ရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ် တို့နှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA) (Photo: AFP / HO / MNA) ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ အိန္ဒိယနိုင်ငံ အခြေစိုက် NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီး ဒေါက်တာတင့်ဆွေ၊ ENC ခေါ် တိုင်းရင်းသားလူမျိုးစုများကောင်စီ ဒု-ဥက္ကဋ္ဌ ဒေါက်တာ လျံမုန်းစာခေါင်နဲ့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း တို့ ဖြစ်ကြပါတယ်။