တပ်မတော်နဲ့ ပြည်သူ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြည်သူတွေ စိတ်ပျက် မုန်းတီးနေတဲ့ တပ်မတော်ကို ပြည်သူ တွေ လက်ခံကြည်ဖြူမယ့် တပ်မတော် ဖြစ်လာအောင် ဘယ်လို လုပ်သင့်သလဲ၊ တပ်မတော်သားတွေကို ပြည်သူနဲ့ သွေးခွဲထားတာကို ဘယ်လို ဟန့်တားမလဲ ဆိုတာတွေကို အခြေပြု ဆွေးနွေးတင်ပြထားပါတယ်။

နိုင်ငံရေး အင်အားစုများနှင့် ရဟန်းရှင်လူ ပြည်သူတရပ်လုံး ပါဝင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေးနေ့ကို စစ်အစိုးရက တပ်မတော်နေ့ အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ (Photo: AFP) AFP
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ပြည်ပရောက် တပ်မတော် အရာရှိဟောင်းတွေ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံး ဒုတိယ အကြီးအကဲတာဝန် ထမ်းဆောင်ခဲ့သူ ဦးအောင်လင်းထွဋ်၊ စစ်အစိုးရ နျူကလီးယားစီမံကိန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးစိုင်းသိန်းဝင်း၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော်နဲ့ RFA ပြင်ပဆောင်းပါးရှင် ဗိုလ်မြတ်နိုး တို့ ဖြစ်ကြပါတယ်။
တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org