အရပ်ဝတ် စစ်ဗိုလ်ချုပ်တွေနဲ့ အစိုးရသစ်

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဝန်ကြီးတွေစာရင်းကို ပြည်သူ့လွှွတ်တော် စည်းဝေးပွဲက အတည်ပြု ပေးလိုက်တဲ့ကိစ္စနဲ့ အစိုးရ အဖွဲ့သစ် ဖွဲ့စည်း ပြီးသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ၊ ပြည်ပ အဖွဲ့အစည်းတွေ ဆင်ခြင်သင့်တဲ့ ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။

၂၀၁၀ နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ရွေးကောက်ပွဲတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် နေပြည်တော် မဲရုံတခု၌ မဲထည့်နေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲဝင်ရန် ဧပြီလတွင် စစ်ဖက်ရာထူးမှ နုတ်ထွက်ခဲ့သည်။ (Photo: AFP/ MYANMA NEWS AGENCY) (Photo: AFP/ MYANMA NEWS AGENCY)

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားကြသူတွေကတော့ ဗြိတိန်နိုင်ငံ အခြေစိုက် Burma Democratic Concern အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသိန်း၊ ကနေဒါနိုင်ငံ အခြေစိုက် CFOB ကနေဒါနိုင်ငံ မြန်မာမိတ်ဆွေများအသင်း ပြောရေးဆိုခွင့်ရှိသူ ကိုတင်မောင်ထူး၊ Burma Today အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်နဲ့ မြန်မာ့အရေးလေ့လာသူ ဦးမင်းဇင် တို့ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org