မြို့သစ်စီမံကိန်း ပွင့်လင်းမြင်သာမှုမရှိပုံ ဆွေးနွေးချက်
2014.08.31
ရန်ကုန်မြို့အနောက်ဖက် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ မြေဧက သုံးသောင်းကျော် အကျယ်ရှိမယ့် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက လျှို့ဝှက်ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေပုံကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ ရန်ကုန်မြို့က သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစည်သူအောင်မြင့် တို့နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။