မြန်မာ့နိုင်ငံရေး ပြောင်းလဲတော့မလား

အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုနဲ့ ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေက သုံးသပ်ကြတဲ့ နိုင်ငံရေး အပြောင်းအလဲ အကြောင်းကို ဆွေးနွေးထားကြပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က အမေရိကန်သံရုံး တာဝန်ခံနေအိမ်မှာ အတူ ညစာစားရင်း တွေ့ဆုံနေစဉ်။ AFP

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ရန်ကုန်မြို့က ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ- စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ၊ နိုင်ငံကျော် ဟာသသရုပ်ဆောင်- ဟာသပညာရှင် ကိုသူရ ခေါ် ကိုဇာဂနာနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မဇင်မာအောင်တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org