နိုင်ငံရေး အကျဉ်းသား

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ တိုးပွားလာနေတယ် ဆိုတဲ့သတင်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို တက်လှမ်းမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးနဲ့ အမေရိကန်အခြေစိုက် Burma Today အင်တာနက်သတင်းစာ အယ်ဒီတာ ဦးမြင့်လှိုင်တို့ ဖြစ်ပါတယ်။

အသံဖိုင်ယူရန်။