မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလား
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ကိုကိုးကျွန်းပြန် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိန်မင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနိုင် နဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦးတို့ ဖြစ်ပါတယ်။