ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်

အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ တိုင်းရင်းသားဒေသတွေ မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၄ ခုကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။

မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ Photo: AFP/Soe Than WIN

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင်စီ အထွေထွေ အတွင်းရေးမှူးနဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင် နိုင်ဟံသာ၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဒေးဗစ်ထောနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဗဟိုကော်မတီဝင်နဲ့ ရှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင် တို့ ဖြစ်ပါတယ်။

တနင်္ဂနွေစကားဝိုင်း။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org