မြန်မာလူငယ်တွေနဲ့ ပြည်ပပညာသင်ဆု
အခုတစ်ပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပညာသင်ဆုအကြောင်း တင်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ဆု နဲ့ လေ့လာသင်ယူနေ ကြတဲ့ မြန်မာ စာသင်သားတွေက သူတို့ရဲ့ အတွေ့အကြုံတွေ ဆွေးနွေးဝေငှတင်ပြကြတာကို ကြားရမှာဖြစ်ပါတယ်။
-
2012-01-29 -
-
-
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမမှာ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရမောင်မယ်များ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ပါဝင်ဆွေးနွေးကြတဲ့သူတွေကတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် University of Washington မှာ ပညာသင်ယူနေတဲ့ မမီမီသင်းအောင်၊ ဗားဂျီးနီးယားပြည်နယ် Old Dominion University မှာ ပညာသင်ယူနေတဲ့ ကိုနိုင်ထွန်းလင်း၊ ကင်တပ်ကီပြည်နယ် Kentucky University မှာပညာသင်ယူနေတဲ့ ကိုအောင်ကျော်ဖြိုးတို့ ပါဝင်ဆွေးနွေးထားပါတယ်။
တနင်္ဂနွေစကားဝိုင်း။ |
|
အသံဖိုင်ယူရန်။ |