ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို အခြေပြု ဆွေးနွေးချက်
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ စကား ဝိုင်း ဆွေးနွေးပွဲ အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပနိုင်ငံတွေ မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို အခြေပြု ဆွေးနွေးထားပါတယ်။
-
2012-06-23 -
-
-
၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်က ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်သည့်အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
Courtesy of www.ox.ac.uk
ပါဝင်ဆွေးနွေးကြတဲ့ ဧည့်သည်တွေကတော့ ဗြိတိန်နိုင်ငံ NLD-LA ဌာနခွဲ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းနိုင်၊ နော်ဝေနိုင်ငံက AHRC (မြန်မာတာဝန်ခံ) ဦးမင်းလွင်ဦးနဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းရှိ BADA မြန်မာ အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်သန်းတို့ပါဝင် ဆွေးနွေးထားပါတယ်။
တနင်္ဂနွေစကားဝိုင်း။ | |
အသံဖိုင်ယူရန်။ |