ရန်ကုန်မြို့မှာ ခပ်စိပ်စိပ်တွေ့လာရတဲ့ ညပွဲဈေးများ

ရန်ကုန်မြို့က ရပ်ကွက်တွေထဲမှာ ညစျေးတန်း ပွဲစျေးတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို စစ်ကောင်စီ အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ ဒီရက်ပိုင်း ခပ်စိပ်စိပ်လုပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ တစ်နေရာက ညဈေးတန်းတစ်ခုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တွေ့ရစဉ်။ RFA

ရန်ကုန်မြို့က ရပ်ကွက်တွေထဲမှာ ညစျေးတန်း ပွဲစျေးတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို စစ်ကောင်စီ အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ ဒီရက်ပိုင်း ခပ်စိပ်စိပ်လုပ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။

Photo: RFA

Photo: RFA

အစားအသောက်ရောင်းချကြတဲ့ ညစျေးဆိုင်တန်းတွေ၊ ယာယီကလေးကစားကွင်းတွေ၊ ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေကို ထည့်သွင်းကျင်းပနေကြတာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ အစီစဉ်နဲ့ ကန်ထရိုက်လုပ်ငန်းရှင်တွေ ပူးပေါင်းစီစဉ်ကြတယ်လို့လည်း ဆိုပါတယ်။

Photo: RFA

Photo: RFA

စျေးတန်းတွေထဲမှာ ၁၀ ပေပတ်လည် စျေးဆိုင်ခန်းတစ်ခန်းကို ကျပ်တစ်သိန်းဝန်းကျင်နဲ့ လက်တွန်းလှည်းတစ်စီးစာနေရာကို ကျပ်ခုနစ်သောင်းအထိ ပေးဆောင်ရပြီး ဒီညစျေးတန်းတွေမှာလည်း လာရောက်ပည်ပတ်သူတွေနဲ့ စည်ကားလျက် ရှိနေပါတယ်။

Photo: RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org