ရခိုင့်ရိုးရာ သင်္ကြန်အကြို ဘုရားရေသပ္ပါယ်ပွဲ
ရခိုင်ရိုးရာ သင်္ကြန်အကြို ဘုရားရေသပ္ပါယ်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။ အသင်းအဖွဲ့အလိုက် စုဝေးနံ့သာသွေး၊ မင်္ဂလာစည်တော်တွေတီး မြို့ကို လှည့်လည်ပြီး၊ ဘုန်းကြီးကျောင်းတွေကို သွားရောက် ရေသပ္ပါယ်ကြတာပါ။
- 2022-04-12
-
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂ဝ၂၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင်ရိုးရာ သင်္ကြန်အကြို ဘုရားရေသပ္ပါယ်ပွဲ။
Photo: RFA
ရခိုင်ရိုးရာ သင်္ကြန်အကြို ဘုရားရေ သပ္ပါယ်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။ အသင်းအဖွဲ့အလိုက် စုဝေးနံ့သာသွေး၊ မင်္ဂလာစည်တော်တွေတီး မြို့ကိုလှည့်လည်ပြီး၊ ဘုန်းကြီးကျောင်းတွေကို သွားရောက် ရေသပ္ပါယ်ကြတာပါ။
ရခိုင်ရိုးရာ ဓလေ့ထုံးတမ်းအရ သင်္ကြန်ရေ မကစားခင်မှာ နံ့သာသွေးပြီး ဘုရားရေသပ္ပါယ်လေ့ ရှိပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါ ဒဏ်ကြောင့် ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဘုရားရေသပ္ပါယ်ပွဲ စည်စည်ကားကား မကျင်းပနိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။