ရခိုင်နဲ့ မွတ်စလင်အကြား သင့်မြတ်စေတဲ့ ဘုမေ မွတ်စလင်ရွာစျေး

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ဘုမေ မွတ်စလင်ရွာစျေးဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား ပြန်လည်သင့်မြတ်စေမှုမှာ အဓိကကျတဲ့နေရာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ဘုမေ မွတ်စလင်ရွာစျေးဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား ပြန်လည်သင့်မြတ်စေမှုမှာ အဓိကကျတဲ့နေရာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီစျေးမှာပဲ ကြက်၊ အမဲသား၊ ငါး၊ ပုစွန်၊ ကဏန်းတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အပြန်အလှန်ရောင်းဝယ်ကြရင်း နှစ်ဖက်ဆက်ဆံရေးဟာ ပိုပြီးကောင်းမွန်လာခဲ့တာလို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရခိုင်မှာ ၂၀၁၂ ခုနှစ်က ရခိုင်နဲ့ မွတ်စလင်ကြား ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက် မွတ်စလင် အများအပြား စစ်တွေမြို့ပေါ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီနောက် မွတ်စလင်တွေဟာ မြို့ထဲကို လွတ်လပ်စွာသွားလာခွင့် မရတော့တာကြောင့် ဒီဘုမေရွာစျေးမှာပဲ ရောင်းချနေကြတာပါ။ ဒီစျေးအနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေလည်း ချထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိမှာတော့ ဒီဘုမေရွာစျေးမှာပဲ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား နေ့စဉ်နေ့တိုင်း ရောင်းဝယ်ဆက်ဆံကြရင်း အရင်လို ပြန်လည်သင့်မြတ်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org