မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ဧပြီလ ၃ ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမသွာန် ဥပုသ်လ စတင်တာဖြစ်ပါတယ်။ ဘာသာရေးအရ အရေးပါတဲ့ အခုလို ဥပုသ်လရောက်တိုင်း မွတ်စလင်လူမျိုးတွေဟာ အရုဏ်တက်နေထွက်ချိန်ကနေ ညနေဝင်ချိန်ထိ ဥပုသ်သီလစောင့်တည်ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့ နွယ်အေးဗလီမှာ ဥပုသ်ကာလ အတူတကွ ဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ဧပြီလ ၃ ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမသွာန် ဥပုသ်လ စတင်တာဖြစ်ပါတယ်။

ဘာသာရေးအရ အရေးပါတဲ့ အခုလို ဥပုသ်လရောက်တိုင်း မွတ်စလင်လူမျိုးတွေဟာ အရုဏ်တက်နေထွက်ချိန်ကနေ ညနေဝင်ချိန်ထိ ဥပုသ်သီလစောင့်တည်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဒဏ်ရယ်၊ စစ်အာဏာသိမ်းမှုရယ်ကြောင့် ပြီးခဲ့တဲ့ ၂ နှစ်မှာ စုရုံးဥပုသ်စောင့်ခွင့် မရခဲ့ပါဘူး။

ဒီနှစ်မှာတော့ ပြန်လည်စုရုံးခွင့် ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က နွယ်အေးဗလီမှာလည်း အစ္စလာမ် ဘာသာဝင်တွေ စုရုံးပြီး ဥပုသ်စောင့်ကြ၊ ဝါဖြေဖို့အတွက် အစားအသောက်တွေ လှူဒါန်းကြတာကို ဧပြီလ ၇ ရက်နေ့က မြင်တွေ့ခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org