ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီးက ပရဟိတစာသင်ကျောင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး မောင်တောမြို့နယ် နံသာတောင်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ ပညာဒါန ပရဟိတ စာသင်ကျောင်းဟာ ဆင်းရဲနွမ်းပါးပြီး စာမသင်နိုင်တဲ့ ဒေသတွင်းက ကျောင်းသားလူငယ်တွေအတွက် အားကိုးစရာဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအနီးရှိ နံသာတောင်ဘုန်းတောင်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ပညာဒါန ပရဟိတ စာသင်ကျောင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ RFA

Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး မောင်တောမြို့နယ် နံသာတောင်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ ပညာဒါန ပရဟိတ စာသင်ကျောင်းဟာ ဆင်းရဲနွမ်းပါးပြီး စာမသင်နိုင်တဲ့ ဒေသတွင်းက ကျောင်းသားလူငယ်တွေအတွက် အားကိုးစရာဖြစ်ပါတယ်။

Photo: RFA

အဲဒီပရဟိတစာသင်ကျောင်းမှာ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက်၊ ခမီ စတဲ့ တိုင်းရင်းသားတွေ အများစုလာရောက် ပညာသင်ယူနေတာဖြစ်ပြီး မိဘမဲ့ကလေးတွေပါသလို မိဘက ကျောင်းမထားနိုင်တဲ့ ကလေးငယ် တွေလည်း ပါဝင်ပါတယ်။ Grade 5 ကနေ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးနေတာပါ။

Photo: RFA

ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၅၇ ဦးရှိပြီး သူတို့အားလုံးရဲ့ စားဝတ်နေရေးကို ဆရာတော် ဦးစာရဏက တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။

Photo: RFA

စားသောက်ရေးအတွက် တစ်ရက်ကို ဆန်ခြောက်အိတ်အထိ ချက်ပြုတ်ပေးရပြီး တစ်နေ့တာ ကုန်ကျစရိတ်ဟာ ၁၃ သိန်းကျပ် ကုန်ကျတယ်လို့ ဆရာတော်က မိန့်ပါတယ်။

Photo: RFA

လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်တာကြောင့် ရေရှည်ရပ်တည်ရေးအတွက် ရုန်းကန်နေရပြီး အလှူရှင်တွေ လိုအပ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

Photo: RFA

ဒီပညာဒါန ပရဟိတကျောင်းကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်က နံသာတောင်ဆရာတော် ဘဒ္ဒန္တ ဦးစာရဏက ဦးစီးဖွင့်လှစ်ခဲ့ပါတယ်။

Photo: RFA

နံသာတောင် ပညာဒါန ပရဟိတစာသင်ကျောင်းဟာ စစ်ရေး၊ နိုင်ငံရေး၊ သဘာဝဘေး ဒဏ်တွေကြားမှာ ခက်ခက်ခဲခဲ ရပ်တည်နေရတာပါ။

Photo: RFA

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ပရဟိတ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

Photo: RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org