တရုတ် ထိုးဖောက်မှု

စီးပွားရေးစစ်ရေး အင်အားကြီးနိုင်ငံ ဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး လက်တံတွေ တိုးချဲ့လာပါတယ်။ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အစိုးရတွေ မူဝါဒ ပုံဖော်ရာမှာရော၊ အဲဒီနိုင်ငံတွေက သာမန်ပြည်သူတွေရဲ့ လူနေမှုဘဝတွေအထိပါ ထိုးဖောက် ရောက်ရှိလာနေပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး အချင်းချင်း ပိုမိုချိတ်ဆက်နိုင်မယ့် အာရှဒေသ ဖော်ဆောင်သွားမယ်ဆိုတဲ့ တရုတ်ရဲ့ ကမ်းလှမ်းချက်နဲ့အတူ တရုတ်သြဇာ လွှမ်းမိုးလာမယ့် ဘေးအန္တရာယ်ကိုပါ တပါတည်း ခေါ်လာတာပါ။ အာရှဒေသပြောင်းလဲဖို့ တရုတ်နိုင်ငံက ဘယ်လိုလုပ်ဆောင်နေသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ နောက်ဆုံးရ သတင်းပေးပို့ချက်တွေကို စုစည်းတင်ပြထားပါတယ်။

နောက်ဆုံးသတင်း


ဗီဒီယို