ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းဆုံးပြီလား
"ယနေ့နိုင်ငံရေး" အစီအစဉ်မှာ ပြီးခဲ့တဲ့ မတ်လ တုန်းက လွှတ်တော်ထဲမှာ အပြင်းအထန် ငြင်းခုန်ခဲ့ကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပါတီကြီးနှစ်ခုရဲ့ မတူညီတဲ့အမြင်သဘောထားတွေကို တင်ဆက်ပေးသွားမှာပါ။
-
2020-05-14 -
-
-
ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းဆုံးပြီလား
မကြာခင် လွှတ်တော်အစည်းအဝေးတွေ ပြန်စတော့မှာမို့၊ RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ဒီတစ်ပတ် "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက လွှတ်တော်ထဲမှာ အပြင်းအထန်ငြင်းခုန်ခဲ့ကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပါတီကြီးနှစ်ခုရဲ့ မတူညီတဲ့အမြင်သဘောထားတွေကို တင်ဆက်ပေးသွားမှာပါ။ "ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းဆုံးပြီလား" ဆိုတဲ့ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရှေ့နေကြီး ဦးအောင်သိန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တို့နဲ့အတူ၊ RFA-ဝိုင်းတော်သူ မအေးအေးမွန် က ဆွေးနွေးတင်ပြထားပါတယ်။