ရှစ်လေးလုံးတောင်းဆိုချက်တွေ အပြည့်အဝရပြီလား
လွန်ခဲ့တဲ့အနှစ် ၃ဝ ကျော်က တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ ဒီကနေ့ အပြည့်အဝ ရရှိပြီလားဆိုတာကို ရှစ်လေးလုံး (၃၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆွေးနွေးထားပါတယ်။
-
2019-08-15 -
-
-
today-politics-622.jpg
အခုတပတ်.. “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ ၈-လေးလုံး (၃၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်က တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ ဒီကနေ့ အပြည့်အ၀ ရရှိပြီလားဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ၈-လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းတို့နဲ့အတူ RFA-ဝိုင်းတော်သူ မအေးအေးမွန်က ဆွေးနွေးတင်ပြထားပါတယ်။