ကျူးကျော်အဆောက်အဦးတွေကိစ္စ တိုင်းလွှတ်တော်မှာ မေးမြန်း

ရန်ကုန်မြို့က အများပြည်သူပိုင်လမ်းတွေနဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျူးကျော် ဆောက်လုပ်ထားတဲ့ အဖီတွေ၊ အဆောင်တွေနဲ့ ကားပါကင်တွေ ယူထားသူတွေကို ထိထိရောက်ရောက် အရေးယူဆောင် ရွက်ချက်တွေနဲ့ အရေးယူမှုရှိ၊ မရှိကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မေးခွန်းမေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပစဉ်

ရန်ကုန်မြို့က အများပြည်သူပိုင် လမ်းတွေနဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ အဖီတွေ၊ အဆောင်တွေနဲ့ ကားပါကင်တွေ ယူထားသူတွေကို ထိထိရောက်ရောက် အရေးယူဆောင် ရွက်ချက်တွေနဲ့ အရေး ယူမှုရှိ၊ မရှိကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မေးခွန်းမေးခဲ့ပါတယ်။

အများပြည်သူပိုင်လမ်းတွေကို ကျူးကျော်သူတွေများတဲ့အတွက် ကားရပ်နားစရာနေရာ မရှိတာတွေ ရေမြောင်း ပိတ်တာတွေ ဖြစ်နေရတယ်လို့ ဦးကျော်ကျော်ထွန်းက မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"အခုအချိန်မှာတော့ နောက်ဖေးလမ်းကြားများမှာလည်း ပျောက်ဆုံးပိတ်ဆို့ပြီးတော့ အရှေ့ရေမြောင်းများတွင်း ကားရပ်ရန်နေရာများလည်း ပျောက်ဆုံးပြီး ဘေးဘယ်ညာလမ်းများဟာလည်း အလွန်ကျဉ်းမြောင်းပြီး အများပြည်သူများ အလွန်စိတ်အနှောင့်အယှက်ဖြစ်ကြရပြီး ကျနော်တို့ဆီကို အများဆုံးတိုင်ကြားလာပါတယ်"

ဒါ့အပြင် နောက်ဖေးလမ်းကြားတွေ၊ ကားရပ်တဲ့နေရာတွေဟာ ပျောက်ဆုံးနေကြောင်း လမ်းဘေးတွေမှာ ကျူးကျော် တာတွေရှိတဲ့အတွက် လမ်းတွေကျဉ်းမြောင်းလာပြီး လမ်းသွားလမ်းလာတွေအတွက် အဆင်မပြေဖြစ်နေ ရကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဦးကျော်ကျော်ထွန်းရဲ့ မေးမြန်းမှုကို ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားရာမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကျူးကျော်တွေကို ဖယ်ရှားဖို့အတွက် မြို့နယ်တိုင်းမှာ လုပ်ဆောင်နေကြောင်း ဆက်လက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကျူးကျော်သူတွေ အများစုကို စည်းကမ်းတကျဖယ်ရှားနိုင်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်ပေးကြဖို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org