မစ္စယန်ဟီးလီ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တေ့ွဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ် Photo - Khin Mg

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာ တေ့ွဆုံခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ကိစ္စ၊ ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စနဲ့ ကုလသမဂ္ဂမဟာမင်းကြီးများရုံးနဲ့ မြန်မာအစိုးရတို့ရဲ့ သဘောတူညီမှုယူထားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

မစ္စယန်ဟီးလီက ဘင်္ဂလားဒေ့ရှ်အစိုးရ နဲ့ ကုလသမဂ္ဂမဟာမင်းကြီးများရုံးနဲ့ တွေဆုံပြီး ရိုဟင်ဂျာဒုက္ခသည်တွေအရေးကို ဆွေးနွေးသွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံကို ပြည်ဝင်ခွင့် အပိတ်ခံထားရတဲ့ မစ္စယန်ဟီးလီဟာ အရပ်သားတွေကို ထိခိုက်မယ့် ကြမ်းတမ်းမှုတွေကို တပ်မတော်နဲ့ AA အဖွဲ့တို့ မလုပ်သင့်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောလိုက်ပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ သွားရောက်ခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ပြီး အားလုံးကို  သွားခွင့်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org