အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးနဲ့ တရုတ်ဝန်ကြီး မြန်မာ့အရေးဆွေးနွေး

ဒီလိုတွေ့ဆုံချိန်မှာ တရားမဝင် ဓာတုမူးယစ်ဆေးဝါး စီးဆင်းနေတာလျှော့ချဖို့ နောက်ထပ်ဆောင်ရွက်မဲ့ ကိစ္စရပ်ကို ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗင်န် (Jake Sullivan) (ဝဲ)နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ယာ) တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ တွေဆုံစဉ်။ AFP

မြန်မာ၊ မြောက်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းအရေးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗင်န် (Jake Sullivan) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က သြဂုတ် ၂၈ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၁၆ မှာ နိုင်ငံတော်လုံခြုံရေးအကြံပေးတာဝန် စယူချိန်ကစလို့ ဂျိတ် ဆူလီဗင်န် တရုတ်နိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သြဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တာကို အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်တာပါ။

ဒီလိုတွေ့ဆုံချိန်မှာ တရားမဝင် ဓာတုမူးယစ်ဆေးဝါး စီးဆင်းနေတာလျှော့ချဖို့ နောက်ထပ်ဆောင်ရွက်မဲ့ ကိစ္စရပ်ကို ဆွေးနွေးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် အထောက်အထားမဲ့သူတွေနေရပ်ပြန်ပို့ရေးနဲ့ တရားဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးပါတယ်။

နှစ်နိုင်ငံရေးရာ၊ ဒေသဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေကို ဂျိတ် ဆူလီဗင်န်နဲ့ ဝမ်ယိတို့ ပွင့်ပွင့်လင်းလင်း၊ ထိထိရောက်ရောက်နဲ့ အပြုသဘောဆောင် ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတအိမ်ဖြူတော် ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org