မြန်မာ့နှစ်ကူးသဝဏ်လွှာ အမေရိကန်အစိုးရ ထုတ်ပြန်

မြန်မာ့နှစ်သစ်ကူးအတွက် အမေရိကန် အစိုးရက ဆုတောင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိ ကန် နိုင်ငံခြားရးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီက ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ဧပြီလ ၄ ရက်နေ့ က မြန်မာသြင်္ကန်ပွဲ ဆင်နွှဲစဉ် photo: U.S Embassy Rangoon

မြန်မာ့နှစ်သစ်ကူးအတွက် အမေရိကန်အစိုးရက ဆုတောင်းသဝဏ်လွှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။  အမေရိကန် နိုင်ငံခြားရးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီး  မစ္စတာ ဂျွန်ကယ်ရီ က ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

မြန်မာ့နှစ်သစ်ကူး အတာသြင်္ကန် အခါသမယမှာ သမ္မတ အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေရဲ့ ကိုယ်စား မြန်မာပြည်သူတွေအတွက် ဝမ်းမြောက် ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ဖေါ်ပြ ထားပြီး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေး အခွင့်အလမ်း ကြီးထွားကျယ်ပြန့်ရေး၊ တရားမျှတမှုကို ပြည်သူတိုင်း ခံစားခွင့်ရှိရေးဆိုတဲ့ ကတိကဝတ်တွေ အကောင်အထည် ဖေါ်တဲ့နေရာမှာ အတူပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စု က သန္နိဋ္ဌာန်ချထားပါကြောင်း၊  မြန်မာ့သမိုင်းဝင် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်းလာအောင် ကြိုးပမ်းနေတာတွေဟာ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ရှေ့ရေးအနာဂတ်ဆိုင်ရာ တူညီတဲ့လားရာအမြင်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်မယ်လို့ မျှော်လင့် ပါကြောင်း၊  အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်နေတာဟာ ဒေသတွင်း မှာ မြန်မာနိုင်ငံရဲ့ သက်ရောက်မှု အရှိန်တိုးတက်မြင့်မားလာနေတာနဲ့ ရှေ့အလားအလာတွေကို ပြသနေကြောင်း၊  မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့အစဉ်အလာ၊ ယဉ်ကျေးမှုတွေနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ အမေရိကန်ပြည်သူတွေက တောင်းဆုမေတ္တာပို့သပါကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org