ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် တိုင်းရင်းသားများ ကြိုဆို

မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့အမျိုးသားသွေးစည်း ညီညွတ်ရေး တိုက်တွန်းကမ်းလှမ်းချက်ကို ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ ဖက်ဒရယ် ကောင်စီ UNFC က ကြိုဆိုထောင်ခံ လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ။
မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ။ (democracy for burma)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ဟာ သင့်မြတ်ကောင်းမွန်တဲ့ ကိစ္စဖြစ်ကြောင်း မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာက အခုလိုပြောဆိုပါတယ်။ “ကျနော်တို့ ထောက်ခံတယ်။ ကြိုဆိုတယ်။ သူ့အနေနဲ့ အားလုံးကိုယ်စားလုပ်တာလဲ ဖြစ်တယ်။ သူ့အနေနဲ့ ကြားဝင်းလုပ်ပေးတာလဲ ဖြစ်တယ်။ ဒါကိုကျနော်တို့ ဝိုင်းပြီး ထောက်ခံကြိုဆိုပါတယ်” UNFC မှာ မွန်၊ ကချင်၊ ကရင်၊ ရှမ်း စတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အတူ စုစုပေါင်း တိုင်းရင်းသား ၁၁ ဖွဲ့ ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို အစိုးရနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့က လက်ကမ်း ကြိုဆိုလိုက်သလို ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA ကလည်းကြိုဆိုတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကအခုလိုပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်ဆီ ပေးတဲ့ အိတ်ဖွင့်စာထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့။ အခု ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို ကျနော်တို့ ခြွင်းချက်မရှိ ထောက်ခံပါတယ်။ ဒါက ကျနော်တို့ SSA ရဲ့ သဘောထား ပေါ့နော်” ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာမှာ ပြည်တွင်း ငြိမ်းချမ်းရေးကိုလက်နက်နဲ့ တည်ဆောက်လို့ မရနိုင်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့အမျိုးသား သွေးစည်းညီညွတ်ရေး မရှိရင် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် မဆောင်ရွက်နိုင်ကြောင်း အဓိက ရေးသား ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့တွေရဲ့ တုံ့ပြန်ချက်ကို ဦးဇော်မိုးကျော်က စုစည်းတင်ပြ ထားပါတယ်။

0:00 / 0:00