ရခိုင်ပြည်နယ်အရေး စိုးရိမ် ပူပန်ကြောင်း ကုလ ပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီ ယားက ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ အောက်တိုဘာ ၉ ရက်နေ့က အမျိုးအမည်မသိရတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ တိုက်ခိုက်မှုရဲ့ အကျိူး သက်ရောက်မှုအဖြစ် အစိုးရလုံခြုံရေး အဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အထူးစိုးရိမ် ပူပန်ကြောင်း ပြောကြားရင်း ရခိုင်ပြည်နယ်ရှိ ဘာသာမတူ လူမျိုးကွဲပြားတဲ့ ဒေသခံ ပြည်သူလူထုအနေနဲ့ အခုအချိန်မှာ အသိုင်းအဝန်းတခုက တခြားတခုအပေါ် ပစ်မှတ်ထား ရန်ရှာမှုတွေကို ရှောင်ကျဉ်ပြီး အတတ်နိုင်ဆုံး သည်းခံကြ ပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း(ယာဘက်)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီယား (ဝဲဘက်)ကို တွေ့ရစဉ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီယား က ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၉ ရက်နေ့က အမျိုးအမည်မသိရတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ တိုက်ခိုက်မှုရဲ့ အကျိူးသက်ရောက်မှုအဖြစ် အစိုးရလုံခြုံရေးအဖွဲ့ဝင်တွေနဲ့  အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် အထူး စိုးရိမ်ပူပန်ကြောင်း ပြောကြားရင်း ရခိုင်ပြည်နယ်ရှိ ဘာသာမတူ လူမျိုးကွဲပြားတဲ့ ဒေသခံ ပြည်သူလူထုအနေနဲ့ အခုအချိန်မှာ အသိုင်းအဝန်းတခုက တခြားတခုအပေါ် ပစ်မှတ်ထား ရန်ရှာမှုတွေကို ရှောင်ကျဉ်ပြီး အတတ်နိုင်ဆုံး သည်းခံကြပါလို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးက အောက်တိုဘာ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ နေပြည်တော်ရှိ သက်ဆိုင်ရာ မြန်မာအစိုးရ ထိပ်ဆုံးအာဏာရှိသူတွေက ဒီကိစ္စကိုဖြေရှင်းရာမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနဲ့ ပဋိပက္ခတွေ ပိုမိုကျယ်ပျံ့လာခြင်းမရှိအောင် တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို တိတိကျကျ ညွှန်ကြားထားကြောင်း မိမိကို အသိပေးထားပါတယ်လို့လည်း မစ္စတာ နမ်ဘီးယား က ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဒီကိစ္စကို တုန့်ပြန်ရာမှာ တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်ရမယ် ဆိုတာကို မိမိလက်ခံပါတယ်၊ ဒါပေမယ့် တပြိုင်နက်မှာပဲ အရပ်သားပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကို မထိခိုက်အောင်လည်း အထူးသတိပြုဆောင်ရွက်ကြပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား က ပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org