ရေရှည်နည်းလမ်းရှာဖို့ ကုလတိုက်တွန်း

ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဌာနေညှိနိုင်းရေးမှူး Renata Lok-Dessallien ရီနာတာ လော့ ဒက်စယ်လီယန် က အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်က ပြဿနာတွေ ရဲ့အကြောင်းရင်း ဇစ်မြစ်ကိုသေသေချာချာ လေ့လာရှာဖွေ ပြီး ဒေသအတွင်း တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူမျိုးသာသာကွဲပြားသူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် နည်းလမ်းကို ရှာဖို့ အလွန်အရေး ကြီးကြောင်း ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့ဟိုတယ်မှာ နိုဝင်ဘာလ ၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေ ညှိနှိုင်းရေးမှူး Ms. Renata ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ ဌာနေညှိနိုင်းရေးမှူး Renata  Lok-Dessallien ရီနာတာ လော့ဒက်စယ်လီယန် က အစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ်က  ပြဿနာတွေ ရဲ့အကြောင်းရင်း ဇစ်မြစ် ကိုသေသေချာချာ လေ့လာရှာဖွေပြီး ဒေသအတွင်း  တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူမျိုးသာသာကွဲပြားသူတွေ  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့်  နည်းလမ်းကိုရှာဖို့ အလွန်အရေး ကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တချို့က ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက နှစ်ပေါင်းများစွာ သွားရောက် ကူညီခဲ့ပေမယ့် အခုအချိန်ထိ ဘာကြောင့်ဖွံ့ဖြိုး တိုးတက်မှုမရှိတာလဲ လို့မေးမြန်းခဲ့ရာမှာတော့ မစ်ရီနာတာ က ပထမအချက်အနေနဲ့ နေရာဒေသတခု တိုင်းပြည်တခု ဖွံ့ဖြိုးလာအောင် ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေက လုပ်ဆောင်ပေးလို့ ရတာ မဟုတ်ကြောင်း ၊ အဓိကတာဝန်ရှိတာက သက်ဆိုင်ရာ အစိုးရဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီပဲ ပေးနိုင်ပါကြောင်း၊ နောက် ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံကို အရင်အစိုးရအုပ်ချုပ်တဲ့ ကာလတွေတုန်းက နိုင်ငံတကာပိတ်ဆို့မှုတွေ ချမှတ်ပြဌာန်းထားတဲ့အတွက် လူသားချင်းစာနာမှုအကူအညီတွေသာ ပေးခွင့်ရပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီခွင့်မရှိခဲ့ကြောင်း၊ အခုတော့ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ဒေသဖွွံ့ဖြိုးရေးအတွက် ပါ နိုင်ငံတကာက ကူညီနိုင်ပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းတွေ အခုစတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ဒါပေမယ့် ဖွံ့ဖြိုးမှုဆိုတာ အမြစ်တွယ်ပြီးချင်းအပင်ပေါက်သလို အချိန်တို အတွင်းအောင်မြင် မှုကို မရနိုင်ကြောင်း အဲဒီလိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရသာမက ပြည်သူတွေကလည်း ပါဝင်ကူညီမှ ဖြစ် ထွန်းနိုင်ကြောင်း ဖြေကြားပါတယ်။

မောင်တောဒေသမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းကြတာ ကိုတော့ မိမိတို့အခုသွားခဲ့တဲ့ ခရီးစဉ်က အဲဒီကိစ္စကို စုံစမ်းသိရှိနိုင်တဲ့အနေအထား မဟုတ်ကြောင်း၊ လက်ရှိအစိုးရ စုံစမ်းမှုတွေမှာ ကုလနဲ့ နိုင်ငံတကာအဖွဲ့တွေ ပါဝင်ခွင့်မရကြောင်း၊ ဒါကြောင့်မို့ လွတ်လပ်ပွင့်လင်း မျှတမှုရှိတဲ့ စုံစမ်းရေးအဖွဲ့တခုဖွဲ့စည်းဖို့ မြန်မာအစိုးရကို တိုက်တွန်း ခဲ့တာဖြစ်ကြောင်း ကုလအရာရှိကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel စကော့ မာစီရယ်လ် ကလည်း လူ့အခွင့်ရေးချိုးဖေါက်မှု နဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ သတင်းတွေကို အသေအချာစုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကိုတောင်းဆိုခဲ့တယ် လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org