ဦးကိုနီသတ်မှု ပြုပြင်ပြောင်းလဲရေး ကို ထိခိုက်ဟု ကန်သတင်း စာရေးသား

ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ဟာ မြန်မာပြည်ဒီမိုကရေစီပြောင်းလဲရေးကို အထိနာစေတဲ့ ထိုးနှက်ချက် တခု ဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စု ထုတ် The New York Times နယူးယောက်တိုင်းမ်စ် သတင်းစာကရေး သားလိုက်ပါတယ်။

ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလလ ၂၉ ရက်နေ့ ညနေက လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို တွေ့ရစဉ်

ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ မြန်မာပြည်ဒီမိုကရေစီပြောင်းလဲရေးကို အထိနာစေတဲ့ ထိုးနှက်ချက်တခု ဖြစ်တယ်လို့အမေရိကန်ပြည်ထောင်စုထုတ် The New York Times နယူးယောက်တိုင်းမ်စ် သတင်းစာကရေးသားလိုက်ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးအတွက် ဥပဒေကျွမ်းကျင်သူ ဦးကိုနီကို သတ်ဖြတ်မှုဟာမြန်မာ့သမိုင်းမှာ အထင်ကရဖြစ်စေမယ့် နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း၊
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး ထင်ရှားတဲ့မွတ်စလင်ရှေ့နေတဦး အခုလို သတ်ဖြတ်ခံရမှုကြောင့် ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေအကြားပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာမှာကို စိုးရိမ်ရကြောင်း နဲ့ ဒီပြစ်မှုအတွက်တာဝန်ရှိသူတွေကို အစိုးရက ထိထိရောက်ရောက် အရေးယူ အပြစ်ပေးခြင်းဖြင့်ဒီလိုလုပ်ကြံမှုမျိုးကို ဘယ်နည်းနဲ့မှ လက်မခံဖူးဆိုတာ ပြတ်ပြတ်သားသားသတိပေးဖို့လိုကြောင်း စသဖြင့် The New York Times သတင်းစာမှာ မနေ့က ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဟောင်ကောင်မှာ ဒီကနေ့ ထုတ်ဝေတဲ့ South China Morning Postဆောက်သ် ချိုင်းနား မောနင်းပို့စ် သတင်းစာမှာလည်း ဦးကိုနီ အခုလိုလုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် မြန်မာနိုင်ငံမှာ လူမျိုး ဘာသာ မတူကွဲပြားသူတွေအတူယှဉ်တွဲနေထိုင်ရေးနဲ့ ငြိမ်းချမ်းသာယာဝပြောရေး လုပ်ငန်းစဉ်တွေ ကိုမထိခိုက်သင့်ကြောင်း ရေးသားထားပါတယ်။

ယခင် အာဏာရှင်စစ်အစိုးရ အသိုင်းအဝန်းအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေမလိုလားဖူးဆိုတာကို ဒီဖြစ်ရပ်က သက်သေပြလိုက်တာဖြစ်ပြီး ဒါဟာ မြန်မာပြည်အတွက်တပ်လှန့်လှုပ်နိုးလိုက်တဲ့ သတိပေးချက်တခုပဲလို့လည်းSouth China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org