ဥပဒေ ပြဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်း ရာမှာ ခြေ/ဥ နဲ့အညီဆောင်ရွက်ဖို့ သမ္မတ တိုက်တွန်း
ဥပဒေဆိုင်ရာကိစ္စတွေကို ၂၀၀၈ ဖဲ့ွစည်းပုံနဲ့အညီ လိုက်နာဆောင်ရွက် ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ထံ သဝဏ် လွှာပေးပို့ပြီး တိုက်တွန်း လိုက်ပါတယ်။
-
2016-02-08 -
-
-
Your browser doesn’t support HTML5 audio
ဥပဒေဆိုင်ရာကိစ္စတွေကို ၂၀၀၈ ဖဲ့ွစည်းပုံနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ထံ သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။
ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်အနေနဲ့ ဥပဒေတွေကို အသစ်ပြဌာန်း တာ၊ ပြင်ဆင်ပြဌာန်းတာ၊ ရုပ်သိမ်းတာတွေကို ဆောင်ရွက်ရာမှာ နိုင်ငံတော်ဖဲ့ွစည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ ဥပဒေတွေကို လိုက်နာပါမယ်လို့ ကတိသစ္စာပြုထားတဲ့အတိုင်း ဖွဲ့စည်းပုံနဲ့ အညီ ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာမှာပါရှိပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၅နှစ်တာကာလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ အောင်မြင် မှုတွေကြောင့် ဒီမိုကရေစီထွန်းကားရေးနဲ့ နိုင်ငံဖံ့ွဖြိုးတိုးတက်ရေးအတွက် ကျေနပ်အားရဖွယ်ရာ အလား အလာကောင်းတွေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဖေါ်ပြပါတယ်။
တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မြှင့်တင်ဆောင်ရွက်နိုင်ကြဖို့ လည်း ဆုတောင်းထားပါတယ်။
နိုင်ငံတော်သမ္မတဟာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ထံ ပထမဆုံးပေးပို့တဲ့ သဝဏ်လွှာဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြော ဆိုနေကြချိန်မှာ ဒီသဝဏ်လွှာကို ပေးပို့လိုက်တာဖြစ်ပါတယ်။
သမ္မတရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥပဒေပညာရှင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။