မြန်မာမိသားစု အသတ်ခံရမှု သံသယရှိသူ အမျိုးသမီးကို ထိုင်းရဲ ဖမ်းဆီးစစ်ဆေး

ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုမှာ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဒီနေ့မနက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အသတ်ခံရမှု သံသယရှိသူတစ်ဦးရဲ့ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးစဉ် Photo: Social Action for Children and Women - SAW

ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုမှာ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဒီနေ့မနက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသမီးဟာ ဒီအမှုအတွက် အဓိကတရားခံလို့ ယူဆရတဲ့ ကိုရွှေရဲ့ဇနီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။

သူမကို မဲဆောက်မြို့နယ်ထဲက ကျေးရွာတစ်ရွာရဲ့ ကြံစိုက်ခင်းထဲမှာ ရှာတွေ့တာဖြစ်ပြီး နောက်ထပ် ကျန်နေသေးတဲ့ ကိုရွှေနဲ့ နောက်အမျိုးသားတစ်ဦးကို ထိုင်းရဲအင်အား ၁၀၀ ကျော်နဲ့ ရှာဖွေနေတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Social Action for Children and Women အဖွဲ့အမှုဆောင် ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။

အဓိကတရားခံလို့ ယူဆထားတဲ့ ကိုရွှေဟာ ကရင်စစ်သားဟောင်းတစ်ဦးဖြစ်ပြီး ကရင်တပ်ကနေ ထုတ်ပယ်ထားတဲ့သူလို့ သိရပါတယ်။

ဒါကြောင့် ကိုရွှေ ဆိုသူကို ဖမ်းဆီးနိုင်ဖို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်တို့ကလည်း သူတို့နယ်မြေအတွင်းမှာ ရှာဖွေပေးမယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org