ကလေးမြို့မှာ CDM ဆရာမ အပါအဝင် သုံးဦး ထပ်မံအဖမ်းခံရ

ကလေးမြို့က CDM ကျောင်းဆရာမ ဒေါ်အေးမင်းသန်း ဟာ ဖေဖော်ဝါရီလ ၁၇ ရက်က နေအိမ်မှာ ဖမ်းဆီးခံ လိုက်ရပါတယ်။

ကလေးမြို ဗိုလ်ချုပ်လမ်းမကြီးကို တွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ ကျောင်းဆရာမ ဒေါ်အေးမင်းသန်းဟာ ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့မနက် ၅ နာရီလောက်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဖေဖော်ဝါရီလ ၁၆ ရက် မနေ့ကလည်း အင်ဒိုင်းကုန်းရွာမှာနထိုင်တဲ့ မနှင်းနှင်းနဲ့ ကိုကုလား တို့ကို PDF အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက နေအိမ် တွေမှာပဲ လာဖမ်းသွားတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။
 
ကျောင်းဆရာမ ဒေါ်အေးမင်းသန်း ကိုတော့ ဘာကြောင့်ဖမ်းသွားသလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ဒေါ်အေးမင်းသန်းဟာ ပေါက်တောရွာ မူလတန်းကျောင်းက ဆရာမဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်ထားသူဖြစ်ပါတယ်။
 
လက်ရှိမှာတော့ သူတို့သုံးဦးစလုံးကို ကလေးမြို့မှာရှိတဲ့ ဒေသကွပ်ကွဲရေးစစ်ဌာချုပ် (ဒကစ) ထဲမှာ ဖမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီလို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org