ဒုပင်လုံ ကိုယ်စားလှယ် ၉ဝဝ ဖိတ်ကြားထား

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖု့ိ့ ကိုယ်စားလှယ် ၉ဝဝ ခန့် ဖိတ်ကြားသွားမှာဖြစ်ပြီး အဲဒီထဲမှာ အပစ် ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အထူးဖိတ်ကြားခံရသူတွေအဖြစ် ဖိတ်ကြားသွား မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို မတ်လ ၃ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖု့ိ့ ကိုယ်စားလှယ် ၉ဝဝ ခန့် ဖိတ်ကြားသွားမှာဖြစ်ပြီး အဲဒီထဲမှာ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အထူးဖိတ်ကြား ခံရသူတွေအဖြစ် ဖိတ်ကြားသွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဖိတ်ကြားစာတွေကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးထံကို ဒီနေ့ စတင်ပို့နေပြီလို့ ဦးဇော်ဌေး က ပြောပါတယ်။

"ဖိတ်ကြားမှုတွေကို စတင်ဆောင်ရွက်နေပါပြီ။ ဒီကနေ့ပဲ ကျနော်တို့ ဖိတ်စာတွေရတယ်။ ရတဲ့ဖိတ်ဟာတွေ ကို ပေးပို့ဆောင်ရွက်ဖို့ အလှမ်းဝေးတဲ့ နေရာတွေကျရင်တော့ ကျနော်တို့ အီလက်ထရောနစ်စာပို့စနစ် e mail နဲ့ အရင်ပို့မယ်။ ပြီးရင် EAO ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေဆီ ဖိတ်စာတွေ လွှဲပြောင်းပေးအပ်ဖို့ ဒါတွေဆောင်ရွက်သွားမှာဖြစ်တယ်။ ညီလာခံကတော့ UPDJC ကဆောင်ရွက်တာဖြစ်တယ်။ အဲဒီတော့ UPDJC အနေနဲ့ ဖိတ်စာပို့မှာ ဖြစ်ပါတယ်"

ညီလာခံကို မေလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ညီလာခံဖွင့်ပွဲနဲ့ ညစာစားပွဲတက်ရောက်မယ့် ကိုယ်စားလှယ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ကြားမှာဖြစ်ပြီး အဲဒီပွဲတွေကိုတက်ရောက်ဖို့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေထဲက ခေါင်းဆောင် ၄ ဦးနဲ့ ကိုယ်ရေးအရာရှိ ၄ ဦး၊ အပစ်ရပ်လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား အဖွဲ့တွေထဲက ခေါင်းဆောင် ၄ ဦးနဲ့ ကိုယ်ရေးအရာရှိ ၄ ဦးစီကို ထည့်သွင်းဖိတ်ကြားသွားမယ်လို့ ပြောပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဦးဆောင်ပြီး အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့  KIA ၊ SSPP၊ TNLA ၊ AA၊  MNDAA နဲ့ NDAA အဖွဲ့တွေပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီက အဖွဲ့တစ်ဖွဲ့ချင်းစီအနေနဲ့မဟုတ်ဘဲ ကော်မတီအနေနဲ့ တက်ရောက်ဖို့ အဆင့်သင့်ရှိတယ်လို့ မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကန့်သတ်ချက်တွေမထားဘဲ တန်းတူပါဝင် ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ညီလာခံတက်ရောက်မယ့် ကိုယ်စားလှယ်တွေကို အစိုးရက ဖိတ်ကြားတာမဟုတ်ဘဲ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဖိတ်ကြားတာဖြစ်ကြောင်းနဲ့ UPDJC က အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ကြားဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org