ရုရှားလုံခြုံရေးအစည်းအဝေး စစ်ကောင်စီအဖွဲ့တက်ရောက်

ဧပြီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ သုံးရက်တာကျင်းပတဲ့ ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်ပြီး တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့တွင် ကျင်းပသည့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိ အစည်းအဝေး တက်ရောက်လာသော ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်အဖွဲ့။ Photo: MITV

ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့မှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိ အစည်းအဝေးကို စစ်ကောင်စီအဖွဲ့ဝင်တွေတက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဧပြီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ သုံးရက်တာကျင်းပတဲ့ ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်ပြီး တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအစည်းအဝေးကို ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေးအတွင်းရေးမှူးက ဦးဆောင်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ဗီဒီယိုကနေ မိန့်ခွန်းပြောခဲ့ပါတယ်။

နိုင်ငံပေါင်း ၁ဝ၆ နိုင်ငံက ခေါင်းဆောင်တွေ၊ ကိုယ်စားပြုသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တွေက အာဆီယံနဲ့ ရုရှား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အာဆီယံကနေ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးနေတာတွေ၊ အာဆီယံရုရှား ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက ဆောင်ရွက်မဲ့ အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းဌာနက ကြေညာပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ခံနေရပြီး၊ ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org