ရိုဟင်ဂျာတွေနေရပ်ပြန်ရေး AA နဲ့ ချိတ်ဆက်ဖို့ ဘင်္ဂလားဒေ့ရှ်အကြံပေးပြော

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ အာရက္ခတပ်တော် (AA)နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။ Facebook/ Arakan Princess Media

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ အာရက္ခတပ်တော် (AA)နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md Touhid Hossain က စက်တင်ဘာလ ၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ နေရာတော်တော်များများကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖွင့်ဖို့လိုတယ်လို့ သူက ပြောတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြည်နယ်အဆင့်နဲ့ ဘယ်လောက်လုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာ ရှစ်ထောင်လောက် ထပ်ရောက်လာတယ်လို့လည်း သူက ထောက်ပြပါတယ်။

ရိုဟင်ဂျာတွေ ထပ်ရောက်လာတာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ထဲမှာ အရေးတကြီး ဆွေးနွေးဖို့ရှိနေပြီး နောက်ထပ်ဝင်မလာအောင် တားဆီးသွားမယ်လို့လည်း ပြောဆိုကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း ထောက်ပံ့ပေးနိုင်စွမ်းမရှိတော့ဘူးလို့ သူကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org