ရိုဟင်ဂျာ ပဋိပက္ခ ကူညီမယ်လို့ ထရမ့်ပြောကြား

အမေရိကန်သမ္မတ ထရမ့်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်ပြဿနာ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို စာတစ်စာင်ရေးသားပြီး ထပ်မံကတိပေးလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကို တွေ့ရစဉ် Photo: Donald J. Trump - facebook

အမေရိကန်သမ္မတ ထရမ့်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်ပြဿနာ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို စာတစ်စာင်ရေးသားပြီး ထပ်မံကတိပေးလိုက်ပါတယ်။

ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံအမတ်ကြီး Marcia Bernicat မာရှာ ဘာနီကတ် က ဝန်ကြီးချုပ် ရှိတ် ဟာစီနာကို ကြာသပတေးနေ့က ပေးအပ်ခဲ့တဲ့စာမှာ ရိုဟင်ဂျာတွေ သူတို့ဆန္ဒအလျှောက် မူလဒေသကို လုံခြုံစိတ်ချစွာ ပြန်လည် အခြေချနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေကို မြန်မာအစိုးရက ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ပြောဆိုမယ်လို့ ရေးသားထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်ခဲ့မှုအတွက် တာဝန်ရှိသူတွေကို ဖေါ်ထုတ် အရေးယူရမှာဖြစ် တယ်လို့လည်း သမ္မတ ထရမ့်ရဲ့စာမှာ ပါရှိတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org