ကဝမြို့နယ်မှာ ကမ်းပါးပြိုလို့ နေအိမ်တွေ ရွှေ့ပြောင်းရ

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှာ စစ်တောင်းမြစ်ကနေ ဒီရေတက်လာတာကြောင့် ကျေးရွာ ၅ခုမှာ ကမ်းပါးပြိုနေပြီး မြစ်ကမ်းတဲ့ဝေးတဲ့ နေရာတွေမှာ နေအိမ် ပြောင်းရွှေ့နေထိုင်ကြရတာတွေ ရှိပါတယ်။

ကဝမြို့နယ်မှာ မြစ်ကမ်းပါးပြိုကျတာကြောင့် အိမ်တွေရေမြုပ်နေတာကို တွေ့ရစဉ် ဓါတ်ပုံ - ကိုမြင့်နိုင်

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှာ စစ်တောင်းမြစ်ကနေ ဒီရေတက်လာတာကြောင့် ကျေးရွာ ၅ခုမှာ ကမ်းပါးပြိုနေပြီး မြစ်ကမ်းတဲ့ဝေးတဲ့ နေရာတွေမှာ နေအိမ် ပြောင်းရွှေ့နေထိုင်ကြရတာတွေ ရှိပါတယ်။

လက်ရှိမှာ ရွာ ၅ ခု လောက်မှာ ကမ်းပါးပြိုနေပြီး ကမ်းနဲ့ဝေးတဲ့နေရာတွေမှာ ရွှေ့ပြောင်းနေကြရတယ်လို့ ကဝမြို့နယ် မမောက်ကျေးရွာသား ဦးဌေးအောင်က ပြောပါတယ်။

"စစ်တောင်းမြစ်ဝှမ်းမှာနေတဲ့ ကျနော်တို့ရွာ လုံးဝပျောက်ကွယ်သွားတာကတော့ ၅ ရွာလောက်ရှိတယ်၊ လက်ရှိပြိုနေဆဲရွာကတော့ ၅ ရွာလောက်ရှိတာပေါ့၊ ပြောင်းသွားတဲ့အိမ်တွေကတော့ ကျနော်တို့ ကမ်းနဲ့ဝေးတဲ့ နေရာမှာရွေ့ပြောင်ပြီးတော့ နေနေရတာပေ့ါနေ၊ာ် အခုလည်းပြိုနေတဲ့ အခါတိုင်းနဲ့ စာရင်တော့ အပြိုနှုန်းက နည်းနည်းကျဆင်းသွားတယ်ဗျ၊ တရေတရေကိုတော့ အခုဆိုရင် တစ်ကြိုးလောက်ဘဲ ပြိုတော့တယ်၊ ၆၆ ပေလောက်ရှိမှာပေါ့ "

စစ်တောင်းမြစ်ဝမှာရှိတဲ့ ကျေးရွာတွေဟာ စစ်တောင်းမြစ်ရေနဲ့အတူ တစ်လကို နှစ်ကြိမ် ဒီရေတတ်တာကြုံရပြီး တစ်ခါ ဒီရေတက်တိုင်းမှာ ၆၆ ပေလောက် ကမ်းပြိုတာဖြစ်ပါတယ်။

အဲဒီလိုကမ်းပြိုတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ဒီနေ့အထိ ရွှေတဆုပ်၊ သမ္ဗာန်ဆိပ်၊စာဖြူ၊ မမောက်နဲ့ ကသစ်ခုန်ကျေးရွာတွေဟာ ရွာလုံးကျွတ် ကမ်းပါးပြိုကျခဲ့ပါတယ်။

လက်ရှိမှာ ဒေသခံရွာသားတွေဟာ တမံတွေပေါ်နဲ့ တခြားလယ်ကွင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရပြီး တချို့ကျေးရွာတွေဟာ ပျောက်ကွယ်သွားတာတွေရှိပါတယ်။

တံတားဦး၊ သံတောင်၊ အရိုးပုံး၊ ငှက်ကျော်နဲ့ ကံရ(အောင်ဇေယျ) စတဲ့ကျေးရွာတွေမှာလည်း ကမ်းပြိုနေပြီး နေရာအနည်းငယ်သာ ကျန်တော့တယ်လို့ ဒေသခံတွေပြောပါတယ်။

မြေမကြာခဏ ပြိုကျနေတာကြောင့် ဒေသခံတွေ မြေနေရာအခက်အခဲဖြစ်နေပြီး လုံခြုံစိတ်ချတဲ့ မြေနေရာကို အစိုးရကချထားပေးဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org