သမ္မတ၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို အာဇာနည်နေ့ တက်ရောက်ဖို့ တောင်းဆို

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့ ဂါရဝပြုအခမ်းအနား ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုဖို့ လူထု အခြေပြုအဖွဲ့အစည်း ၃ဝ ကျော်က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ယုဒဿန်ခန်းမမှာ ဇူလိုင်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းဖို့ ကြိုတင်ပြင်ဆင်ရေး ဒုတိယအကြိမ်တွေ့ ဆုံပွဲကို တွေ့ရစဉ် photo: RFA/ Thiha Tun

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့ ဂါရဝပြုအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုဖို့ လူထုအခြေပြုအဖွဲ့အစည်း ၃ဝ ကျော်က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ယုဒဿန်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့် ကြိုတင်ပြင်ဆင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ အခုလို တောင်းဆိုလိုက်ကြတာပါ။

"တောင်းဆိုခဲ့တဲ့ ၃ ချက်မှာ သူတို့ပါသဘောတူတယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ တရားဝင်ဖြစ်စေချင်တယ်၊ အဲဒါကြောင့်မို့ ၁၉ ရက်နေ့မှာ ဘယ်ပုံစံလုပ်ကြမလဲ ခုနကအချိန်၊ နေရာပေါ့၊ အဲဒါလေးတွေလဲ အားလုံးအတည်ပြုချင်တဲ့အတွက် မနက်ဖြန် သမ္မတရုံးဝဘ်ဆိုဒ်ကိုလည်း ပို့မယ်၊သမ္မတရော၊ လွှတ်တော်ဥက္ကဌရော၊ ကာကွယ်ရေး ဦးစီးချုပ်ရော သူတို့တွေကို လိပ်မူပြီးတော့မှ စာတိုက်ကနေတဆင့်ပို့ပါ့မယ်"

အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁ဝ နာရီ ၃၇ မိနစ် အချိန်မှာ နိုင်ငံပိုင် အသံလွှင့်မီဒီယာတွေနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေက ဥသြသံ ၁ မိနစ် ထုတ်လွှင့်ပေးဖို့ တောင်းဆိုချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (.က.) ကျောင်းသားတွေကလည်း လှည်းတန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံစတဲ့ လူစည်ကားတဲ့နေရာ ၃၆ နေရာမှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျူလိုင်လ ၁၉ ရက်နေ့မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲဂုဏ်ပြုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီဂုဏ်ပြုအစီအစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်သွားဖို့ကိုလည်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ (.က.) အဖွဲ့ဝင်တွေ က နိုးဆော်ထားပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org