ရခိုင်အကြံပေးကော် မရှင် ကျောက်ဖြူမြို့ကို ပထမဆုံးအကြိမ် သွားမည်

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖဲ့ွ ဝင်တွေဟာ လာမယ့်တစ်ပတ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖဲ့ွဝင် ဦးအေးလွင် ကို တွေ့ရစဉ်

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖဲ့ွဝင်တွေဟာ လာမယ့်တစ်ပတ် အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

ကော်မရှင်ရဲ့ ဒီတစ်ခေါက်ခရီးစဉ်မှာ ကျောက်ဖြူမြို့ကိုသွားမှာဖြစ်ပြီး နှစ်ဘက်လူ့အဖွဲ့အစည်းကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အဖြေရှာမှာဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

"အဓိကကတော့ အုပ်စုနှစ်ဘက် တရားမျှတစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးအတွက် အဖြေရှာ မှာပေါ့နော်၊ အကြံပေးဖို့၊ နောက်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်ရင်ကောင်း မလဲဆိုတာ အကြံပြုချက်တွေသွားယူမှာပေါ့"

အဲဒီ ခရီးစဉ်ကို ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ကလွဲရင် ကျန်တဲ့ကော်မရှင်အဖွဲ့ဝင်တွေ အားလုံးလိုက်ပါမှာဖြစ် ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီ ကော်မရှင်စတင် ဖွဲ့စည်းစဉ်က နိုင်ငံခြားသားတွေကို ထည့်သွင်းဖွဲ့စည်းထားလို့ဆိုပြီး နိုင်ငံရေး ပါတီအချို့နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီလို ကန့်ကွက်ခဲ့ကြပေမယ့်လည်း ကော်မရှင်ရဲ့ ပြီးခဲ့တဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တွေမှာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။ အကြံပေးကော်မရှင်အဖွဲ့ ဟာ ကျောက်ဖြူမြို့နယ်ကို ဒါပထမဆုံးအကြိမ် သွားရောက်မှာဖြစ်ပါတယ်။

ရခိုင်အကြံပေးကော်မရှင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတဆင့် ပြည်ထောင်စုအစိုးရကို ဒီနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင် တင်ပြရမှာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org