၂ နှစ်ကြာပေမယ့် ရခိုင်ဒုက္ခသည်အခြေနေ တိုးတက်မှုမရှိ
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့တာ အချိန် ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီးဖြစ်ပေ မယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Mr. Thierry Mathou က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။
-
2014-06-20 -
-
-
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့တာ အချိန် ၂ နှစ်ကျော် အထိ ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့် နှစ်ဘက်ဒုက္ခသည်တွေ ရဲ့ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် ကြီး Mr. Thierry Mathou က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။
ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း အတွေ့အကြုံကို စစ်တွေ မြို့ ရွှေသဇင်ဟိုတယ်မှာ ဒီကနေ့ သတင်းထောက်တွေ နဲ့တွေ့ဆုံပြီး ပြင်သစ် သံအမတ်ကြီးက အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။
မိမိအနေနဲ့ ရခိုင်နဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲဒီဒုက္ခသည် စခန်းတွေအားလုံးကို သွားရောက်တဲ့အခါ မိမိအနေနဲ့ ခံစားခဲ့ရတာက အားလုံးဟာ အကြောက်တရားတွေ နဲ့ နေထိုင်နေကြရတယ်ဆိုတာပါပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက ပြောသွားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Thierry Mathou ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်နဲ့ မွတ်စလင် နှစ်ဘက်စလုံးက ကျေးရွာအချို့ကို သွားရောက်လေ့လာခဲ့သလို အကူအညီတွေပေးရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်နဲ့ မွတ်စလင် ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။