စီမံမှုကောင်းရင် မြန်မာ့တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ငါးထောင်ထိ မြင့်တင်နိုင်
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၃၀ ပြည့်နှစ် ကျရင် ၉.၅ ရာနှုန်းအထိ ရောက်ရှိသွားနိုင်ပြီး၊ လူတစ်ဦးချင်း ဝင်ငွေဟာလည်း လက်ရှိတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉၀၀ ကနေ၊၂၀၃၀ ပြည့်နှစ်မှာ ဒေါ်လာ ငါးထောင် နီးပါးမြင့် တက်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။
-
2014-09-16 -
-
-
မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးဟာ ၂၀၃၀ ပြည့်နှစ်ကျရင် ၉.၅ ရာနှုန်းအထိ ရောက်ရှိ သွားနိုင်ပြီး၊ လူတစ်ဦးချင်းဝင်ငွေဟာလည်း လက်ရှိတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၉၀၀ ကနေ၊၂၀၃၀ ပြည့်နှစ် မှာ ဒေါ်လာ ငါးထောင် နီးပါးမြင့်တက်လာနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ပြောပါတယ်။
ဖြစ်နိုင်ဖွယ်အလားအလာတွေ ပွင့်လာနေတဲ့ မြန်မာနိုင်ငံ ဆိုတဲ့အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ ဒါပေမဲ့ မြန်မာ အနေနဲ့ ရေရှည်စီးပွားရေးတိုးတက်ဖွံ့ဖြိုးဖို့၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားနိုင်ဖို့ဆိုရင်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ ဆိပ်ခံ ၊ လေယာဉ်ကွင်း၊ လျှပ်စစ်၊ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး၊ ကျွမ်းကျင်လုပ်သားတိုးပွားရေး၊ ပွင့်လင်းမြင် သာရေး၊ အကျင့်ပျက်ခြစားမှုနည်းပါးရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ မဟာဗျူဟာကောင်းတွေ ချမှတ်ဆောင်ရွက်နိုင်ရေးတွေ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ဖေါ်ပြပါတယ်။
ဒီအတွင်း မြန်မာနဲ့ အိန္ဒိယ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းသစ်တစ်ရပ် အောက်တိုဘာလမှာ စတင်မယ် လို့ အိန္ဒိယ ကုန်စည်ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ ရန်ကုန်နဲ့ ချင်နိုင်းမြို့ကြား ရေကြောင်းကုန်သွယ်ရေး စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။