နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရေး သမ္မတ ဦးသိန်းစိန် ဆွေးနွေး

တိုင်းပြည်ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးဆွေးနွေး ပွဲတွေကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အစပျိုးထားလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံ ရာမှာ ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၇၁ ပါတီ က ခေါင်းဆောင်တွေ မေလ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံကြစဉ် Photo:Thiha Tun, Kyaw Htoon Naing/RFA

တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အစပျိုး ထားလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပ တဲ့ နိုင်ငံရေးပါတီ ၇၁ ပါတီက ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်ရွေးကောက်ပွဲ များ မတိုင်ခင်မှာ အစပြုထားလိုပါတယ်၊ ဒီနိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ကျနော်တို့ ရည်မှန်းတဲ့ ပြည်ထောင်စုကိုပုံဖော်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် ကိစ္စရပ်များစွာကို အားလုံးရဲ့ ကိုယ်စားပြုမှု သဘောတူညီမှုတွေနဲ့ ပြင်ဆင်ရမှာဖြစ်ပါတယ်၊ အားလုံးပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဖြစ်အောင်ကြိုးပမ်းနေတဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်အချက်တွေမှာလည်း အခက်အခဲမရှိနိုင်ဘူးလို့ ကျနော်အနေနဲ့ ယူဆမိပါတယ်"ဖ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူပြီဆိုရင် အစိုးရအနေနဲ့ သဘောတူစာချုပ်ရေးထိုးဖို့ အသင့်အနေအထားဖြစ်နေပြီဖြစ်ကြောင်း ၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောထားတွေကိုလည်း မျှော်လင့်နေကြောင်းနဲ့ ဖက်ဒရယ်စနစ်ဖော်ဆောင်တဲ့ ပြည်ထောင်စုကြီးဖြစ်ဖို့ သဘောတူထားပြီးဖြစ်ကြောင်း၊  နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးပါတီတွေကလည်း ဝိုင်းဝန်း လုပ်ဆောင်ပေးစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စား လှယ်တွေကို ပြောသွားပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရအနေနဲ့ ကြိုးပမ်းလုပ်ဆောင်ပေးသွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org