ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်သူတွေ ရမည်းသင်းမြို့ကို ရောက်ရှိ

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လိုင်ဇာမြို့အထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်နေတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေ ဟာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ဒီကနေ့မှာတော့ ရမည်းသင်းမြို့ကို ရောက်ရှိကြပြီး လမ်းခရီးမှာ ပူးပေါင်းလမ်းလျှောက်တဲ့လူဦးရေ ထပ်တိုးလာတယ် လို့ သိရပါတယ်။

သူတို့လမ်းခရီးမှာ ဒေသခံပြည်သူတွေက ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် လှူဒါန်းတဲ့ အလှူငွေ ကျပ်ငွေ ၅၁ သိန်း ရရှိထားပြီး ရရှိတဲ့ အလှူငွေတွေကို စစ်ပြေးရှောင် ဒုက္ခသည်တွေကို ပေးအပ်လှူဒါန်းသွားမယ်လို့ ဦးဆောင်သူတွေက အာအက်ဖ်အေကို ပြောပါတယ်။

ရန်ကုန်မြို့ကနေ စတင်ထွက်ခွာလာတာ ဒီကနေ့ ရမည်းသင်းမြို့ကို ရောက်ရှိတဲ့အထိ ၁၅ ရက် ကြာမြင့်ခဲ့ပြီး မနက်ဖြန်မှာတော့ ပျော်ဘွယ်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေထဲက ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်မင်းနိုင်ကို RFA အဖွဲ့သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org