ခရစ်ယာန်ကျောင်းဝန်းထဲ မှာ စေတီတစ်ဆူ ထပ်မံတည်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားဝန်းအတွင်းမှာ မြိုင်ကြီးငူဆရာတော် က မနေ့မနက်ကစပြီး စေတီတစ်ဆူ ထပ်မံတည်နေပါတယ်။

ကရင်ပြည်နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားဝန်းအတွင်းမှာ နောက်ထပ်စေတီတစ်ဆူ တည်ဖို့လုပ်နေတာကို တွေ့ရစဉ် Photo: John Kanyaw Say Facebook

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ဘုရားဝန်းအတွင်းမှာ မြိုင်ကြီးငူ ဆရာတော်က မနေ့မနက်ကစပြီး စေတီတစ်ဆူ ထပ်မံတည်နေပါတယ်။

တနင်္လာနေ့ညနေပိုင်းက နေရာသတ်မှတ်တာ ခြံတွေရှင်းတာတွေလုပ်ပြီး မြိုင်ကြီးငူဆရာတော်ရဲ့ ညွှန်ကြားချက် အရ စေတီတည်နေတာဖြစ်တယ်လို့ ဘားအံသာသနာပိုင်နယ်ရဲ့ အတွင်းရေးမှူး နော်ဆာဝါးက ပြောပါတယ်။

"မနေ့ညနေပိုင်းက သိမ်ဆောက်ဖို့အတွက်ဆိုပြီး သူတို့နေရာလာပြီး သတ်မှတ်တယ်၊ ခြံရှင်းတယ်၊ သစ်ပင်ခုတ်တယ်၊ ဒီနေ့ဘုရားကျောင်းဝန်း အပြင်ဘက်က စေတီကိုထီးတော်လာတင်အပြီးမှာ ဘုရားကျောင်းနားက ပေတစ်ရာလောက်ကွာတဲ့နေရာကို သိမ်ဆောက်မယ့်လို့ သတ်မှတ်ထား တဲ့နေရာအနားမှာပဲ အဲ့နေရာကို လက်ညှိးညွှန်ပြပြီးတော့ စေတီတည်ဖို့အတွက် သတ်မှတ်လိုက်တာ အခုစပြီးတည်နေကြပြီပေါ့နော်၊ ဘာကြောင့်တည်လဲပြောတဲ့အခါကျတော့ မြိုင်ကြီးငူဆရာတော်ရဲ့ ညွှန်ကြားချက်အရ တည်ခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က တည်ထားတဲ့ စေတီနဲ့ ပေတစ်ရာအကွာမှာ ကွမ်းတောရွာနဲ့ ကွီးလေးဒေသခံ ရွာသားတွေ လာရောက်တည်နေကြတာဖြစ်ပြီး အခုဆိုရင် အုတ်မြစ်ချတဲ့အခြေအနေရောက်နေပြီလို့ သိရပါတယ်။

အင်္ဂလီကန်ဘုရားကျောင်း တာဝန်ရှိသူတွေက အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို စာတင်ထားပါတယ်။

အင်္ဂလီကန်ဘုရားကျောင်းပိုင်ဆိုင်တဲ့  မြေဧရိယာ ၂ ဒသမ ၅၃ ဧကဖြစ်ပြီး တစ်ဧကလောက်ဟာ ဘုရားတည်တဲ့ အထဲပါသွားပြီလို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်နေ့ကလည်း ရွှေဂွန်းကျေးရွာမှာရှိတဲ့ မရ်ကဇ်ဗလီမွတ်စလင်ဝတ်ပြုကျောင်းနံဘေး လမ်းကြားမှာ လည်း စေတီတစ်ဆူတည်ထားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org