နယူးယောက် မြန်မာမိသားစုနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံ
အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေ တဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်မလာဖို့နဲ့ သခင်စိတ်ဓာတ်မွေးကြဖို့ မနေ့ညက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။
-
2013-06-09 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကြောင့် ခေတ်ဟောင်းက အကြောက်တရားတွေကို ခေတ်သစ်ကို ယူဆောင်မလာဖို့နဲ့ သခင်စိတ်ဓာတ်မွေးကြဖို့ မနေ့ညက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့ ဟောပြောပွဲကို နယူးယောက်ပြည်နယ် အထက်ပိုင်းက မြန်မာတွေ လာရောက်စုဝေးကြတာပါ။
အခမ်းအနားမှာ ကိုမင်းကိုနိုင်က အပြောင်းအလဲတွေဖြစ်နေတဲ့ မြန်မာပြည်မှာ သခင်စိတ်ဓာတ်မွေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ကိုမင်းကိုနိုင် ပြောပြတာကို ယူတီကာမြို့က အခမ်းအနား ကျင်းပရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်မြင့်က ခုလိုပြောပါတယ်။
သူပြောသွားတာ ကျွန်တော်နားလည်တာက လက်ရှိတိုင်းပြည်က အပြောင်းအလဲကိုစနေပြီ၊ ပွင့်လင်းပြီဆိုတာကို ပိုပြီးတော့ လက်တွေ့အသက်ဝင်အောင် သူတို့ကြိုးစားနေတယ်၊ သူတို့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြသွားတယ်လို့ နားလည်တယ်၊ တစ်ဖက်ကလည်း ဒီအပြောင်းအလဲတွေဟာ သူကိုယ်တိုင်လည်း အာမမခံနိုင်သေးဘူး၊ အပြောင်းအလဲတွေဟာ ခိုင်မာတဲ့အဆင့်မှာမရှိသေးဘူး၊ အားလုံးသတိရှိကြဖို့ ထောက်ပြသွားပါတယ်။
တဆက်တည်း ကိုမင်းကိုနိုင်က နိုင်ငံတကာရောက် မြန်မာတွေ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ တတ်နိုင်သလောက် ပါဝင်ကူညီဖို့လည်း ပြောဆိုသွားပါတယ်။
ဟောပြောပွဲမှာ မြန်မာမိသားစု ၁၅ဝ လောက်တက်ရောက်ကြပြီး ယူတီကာမြို့ မြို့တော်ဝန်ရဲ့ လက်ထောက်လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။