NLD ဥပဒေအကြံပေးအဖွဲ့ဝင် ရှေ့နေ ဦးကြည်ဝင်း ကွယ်လွန်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး အမှုတွေအပါအဝင် NLD ပါတီက အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် အသက် ၈၆ နှစ်အရွယ်ရှိ ရှေ့နေ ဦးကြည်ဝင်းဟာ မနေ့က မနက်အစောပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
-
2018-04-26 -

ဥပဒေရေးရာနဲ့ပတ်သက်ပြီး NLD ပါတီအတွက် အားကိုးအားထားပြုရသူ တစ်ဦးကို ဆုံးရှုံးလိုက်ရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ဥပဒေရေးရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပါတီအတွက် အရမ်းအားကိုးရတဲ့ပုဂ္ဂိုလ် ဆုံးရှုံးသွားတာပေါ့၊ ဦးကြည်ဝင်း ကတော့လေ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်အမှုတွေရော၊ နောက်ပါတီနဲ့ ပတ်သက်တဲ့ အမှုတွေရော၊ သူတောက်လျှောက်လိုက်ပါတယ်။ အခုထိလည်း သူ့ရှေ့နေ ကိုယ်စားလှယ်စာ အဲဒီအမှုတွဲတွေထဲမှာ ခုထိရှိနေတယ်"
အသက် ၈၆ နှစ်အရွယ်ရှိ NLD ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ရှေ့နေ ဦးကြည်ဝင်းဟာ ဧပြီလ ၂၅ ရက်နေ့ မနက်အစောပိုင်းက လူကြီးရောဂါနဲ့ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
ရှေ့နေ ဦးကြည်ဝင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အပါအဝင် အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အင်းယားကန်ကိုရေကူးပြီး ဝင်ရောက်တဲ့ အမှုတွေမှာလည်း ဥပဒေအကျိုးဆောင်တစ်ဦးအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။
ကွယ်လွန်သူ ရှေ့နေ ဦးကြည်ဝင်းရဲ့ ဈာပနကို လာမယ့် ဧပြီလ ၂၉ ရက်နေ့ ရန်ကုန်မြို့ ထိန်ပင် ခရစ်ယာန် သချုၤိင်းမှာ ဂူသွင်း သဂြိုၤဟ်မယ်လို့ သိရပါတယ်။