စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ

နေပြည်တော် စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အစိုးရဝန်ထမ်း ၆၀ ကျော်ဟာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘဲ အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖြစ် ဖဲကြိုးနီလှုပ်ရှားမှုကို ဒီနေ့ မနက်ပိုင်းက ဝန်ကြီးဌာနရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

နေပြည်တော် စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အစိုးရဝန်ထမ်းတွေ စစ်အာဏာသိမ်းတာကို ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်နေ့က ဆန့်ကျင်စဉ်

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း အစိုးရရုံးစိုက်ရာ နေပြည်တော်မှာရှိတဲ့ ဝန်ထမ်းတွေ စတင်ဆန္ဒပြ လှုပ်ရှားနေကြပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်း (၆၇) ယောက် စုပေါင်းပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ဖဲကြိုးနီလှုပ်ရှားမှု တစ်ရပ်ကို ဝန်ကြီးဌာနရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာလည်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဆည်မြောင်းနဲ့ ရေအသုံးချရေး စီမံခန့်ခွဲမှုဌာန၊ စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းတွေ သူတို့ရဲ့ အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

စစ်အစိုးရ ရုံးစိုက်တဲ့နေပြည်တော်မှာ ဒီကနေ့ဝန်ထမ်းတွေ ဆန္ဒပြတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org