တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကော်မတီ အလုပ်အဖွဲ့ စတင်ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီတစ်ခုဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကော်မတီ ဟာ ပြည်နယ်တွေမှာ အောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို စတင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းကော်မတီတစ်ခုဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကာ်မတီဟာ ပြည်နယ်တွေမှာ အောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို စတင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။

တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုပိုမိုရှိစေရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပိုမိုနားလည်သိရှိစေရေးအတွက် ပြည်နယ်တွေမှာ ဖွဲ့စည်းတော့မှာလို့ ဗဟိုတိုင်းရင်းသားရေး ဆက်ဆံရေးကော်မတီအဖွဲ့င် ဦးထွန်းထွန်းဟိန် က RFAကိုပြောပါတယ်။

အဲ့ဒီအောက်ခြေအဆင့် အလုပ်အဖွဲ့တွေကို ပြည်နယ်တွေအပြင် တိုင်းရင်းသား အများစုနေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာလည်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီတွေကို ဧပြီလ ၃ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံရေးကော်မတီဥက္ကဌ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org