ကိုဗစ်ကြောင့် ထိုင်းမြန်မာနယ်စပ် ဂိတ်တစ်ခု ထပ်ပိတ်

မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအတွေ မြင့်တက်လာ နေလို့ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီ ကုန်တင်ကားဖြတ်သန်းတဲ့ဂိတ်ကို ဇူလိုင်လ ၂၂ ရက်ကနေ သြဂုတ်လ ၄ ရက်နေ့ထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားတဲ့ အကြောင်း ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖေါ်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းစစ်သားတွေ အပူချိန်တိုင်းနေစဥ် AFP Photo
မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအတွေ မြင့်တက်လာနေလို့ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီ ကုန်တင်ကားဖြတ်သန်းတဲ့ ဂိတ်ကို ဇူလိုင်လ ၂၂ ရက်ကနေ သြဂုတ်လ ၄ ရက်နေ့ထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားတဲ့အကြောင်း ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖေါ်ပြထားပါတယ်။
 
ကန်ချနဘူရီနဲ့ မြန်မာနိုင်ငံက တနင်္သာရီဒေသနဲ့က ဆက်စပ်နေတာပါ။ ထိုင်းနိုင်ငံ ဒေသဆိုင်ရာ အာဏာပိုင်က တနင်္လာနေ့က နယ်စပ်ဂိတ်ကိုပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ နယ်စပ်ဂိတ် ပိတ်ထားတဲ့ကာလအတွင်း မြန်မာဘက်ကရော၊ ထိုင်းဘက်ကပါ ဘယ်ကုန်ပစ္စည်းမှ သယ်ယူပို့ဆောင်ခွင့်ရမှာ မဟုတ်ပါဘူး။
ဒီတားမြစ်မှုကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ထိုင်းဘတ်ငွေ တစ်သိန်းနဲ့ ထောင်ဒဏ် တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org